Saturday, March 10, 2012

25 - EQUAL RIGHTS for all the citizens is already in the 2008 CONSTITUTION


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)တွင်အောက်ပါအတိုင်း ဖေါ်ပြ
 ထားပါသည် -
၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ
  • လူမျိုး၊
  • ဇာတိ၊
  • ကိုးကွယ်ရာဘာသာ၊
  • ရာထူးဌာနနန္တရ၊
  • အဆင့်အတန်း၊
  • ယဉ်ကျေးမှု၊
  • အမျိုးသား၊ အမျိုးသမီး၊
  • ဆင်းရဲချမ်းသာ
တို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။

၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့် အလမ်း ရရှိစေရမည် -
(က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
(ခ) အလုပ်လုပ်ကိုင်မှု
(ဂ) ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊
(ဃ) အတက်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊
(င) ၀ိဇ္ဖာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။
အခန်း(၈)
နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
၃၄၅။ အောက်ဖေါ်ပြပါ အရည်းအချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ နိုင်ငံသားများဖြစ်ကြသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းလိုက်သည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။
၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင်ဥပဒေ ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။
၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ-
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။
(ခ) ဥပဒေဖြင့်ပြဌာန်းထားသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့်အနုပညာ ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ   ဖော် ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာသုတေ သနပြု ဖော်ထုတ် ဆောင် ရွက်   ခွင့်ရှိသည်။
၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုလိုက်နာ စောင့်ထိန်းရန် တာဝန်ရှိသည်။
TQ my brother, Haji U Mg Mg for the information.

No comments:

Post a Comment