Sunday, March 25, 2012

131 - Wikimyanmar သို့ တုန့်ပြန်ချက် by နေဆန်းလွင်


Wikimyanmar သို့ တုန့်ပြန်ချက် by နေဆန်းလွင်


ကိုလိုနီခေတ်နှောင်းပိုင်းဆိုသည်မှာ၁၉၄၈ခုနှစ်နှောင်းပိုင်းကိုဆိုလိုခြင်းဖြစ်၍ပါလီမန်ခေတ်အတွင်းဆိုသည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
မောင်းတော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား ၊  စစ်တွေ ရမ်းဗြဲနှင့်ကျောက်ဖြူ    မြို့များတွင်နေထိုင်သူများမှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြသည်။ သို့သော် သံတွဲမြို့ တွင်နေ   ထိုင် သူ များ မှာ ကမန် လူမျိုးများဖြစ်ကြသည်။
Wikimyanmar ၌အစပိုင်းတွင် ရိုဟင်ဂျာလူမျိုးများကို ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း တရား မ၀င်အခြေချသူများဟုရေးသားထားသည်။ တဖန် “အဆိုပါ ဘင်္ဂလီလူမျိုးတို့ကို ရခိုင်ဘုရင်အဆက် ဆက်၊ အစိုးရအဆက်ဆက်နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ” ဟုရေးသားထားပြန်သည်။ ဤသည်မှာ Wikimyanmar သည် ရိုဟင်ဂျာလူမျိုးတို့် ရခိုင်ပြည်၌ ၁၇၈၄ ခုနှစ်မတိုင်မီကတည်းက နေထိုင်လာခဲ့သော လူမျိုးများဖြစ်သည်ဟု သက်သေခံပေးသည့်အထောက်အထားတစ်ခုဖြစ်သည့်အတွက် စာရေးသူမှ   ကျေး ဇူး   တင် မိပါသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးရှိခဲ့ရာတွင် ရိုဟင်ဂျာလူမျိုးပါဝင်ခဲ့သည်ကို ရေးသားထားသည့် အတွက်လည်း မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများတွင်ရိုဟင်ဂျာလူများပါဝင်သည်ကိုထပ်မံ၍သက်သေခံပေး ခြင်းဖြစ်သည်။
ဦးနုလက်ထက်၌ မဲပေးခဲ့သူများအားလုံးမှာ အမျိုးသားမှတ်ပုံတင် ကပ်ပြား ကိုင်ဆောင် ထားသော မြန် မာနိုင် ငံ သားများဖြစ်ကြသည်စာရေးသူ၏အဖိုးအဖွားများကိုင်ဆောင်ခဲ့သောထိုအမျိုးသားမှတ်ပုံတင်များကို စာရေးသူ ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထိုအမျိုးသားမှတ်ပုံတင်များကို၁၉၇၈ခုနှစ်တွင်အာဏာရှင်ဦးနေ၀င်းမှ နဂါးမင်းစီမံ ချက်ဖြင့် ဦးစိန်လွင်အားဦးစီးစေပြီး တအိမ်တက်တအိမ်ဆင်း၍ မတရားသိမ်းစေခဲ့သည်။ ထိုသို့အသိမ်းခံရသော သူများမှာ ယခုထိအသက်ရှင်နေထိုင်လျက်ရှိသည်ထိုအချိန်၌အစိုးရအမှုထမ်းအချို့၏ အမျိုးသားမှတ်ပုံတင် များကိုသာ မသိမ်းဆည်းဘဲ ချန်ခဲ့သည်။
ရိုဟင်ဂျာလူမျိုးတို့ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်များအား မတရားသိမ်းပိုက်၍ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်များတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ၍ ဒုက္ခသည်ဘ၀သို့ရောက်နေရခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင်လည်း ထိုဒုက္ခသည်များကို နိုင်ငံတွင်း သို့ ပြန် လည် ခေါ်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင်လည်း အချို့ကိုပြန်လည်ခေါ်ခဲ့ရသည်။ ထိုကဲ့သို့ပြန် လည်ခေါ်ခဲ့ ရခြင်းသည် ထိုရိုဟင်ဂျာလူမျိုးတို့သည် မြန်မာနိုင်ငံသားများဖြစ်သောကြောင့်ဖြစ်သည်။ အချို့မှာ ယခုအချိန် ထိ မဲဆောက် နှင့်အခြားနေရာများတွင်သောရှိသော ဒုက္ခသည်များနည်းတူ ကုလသမဂ္ဂဒုက္ခသည် စခန်း များတွင် နေထိုင်နေရ ပါသည်။ ထိုသို့နေထိုင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများပေးသော ဒုက္ခများ ကိုနေ့စဉ်ရက်ဆက်ခံစားနေကြ ရသည်။
ရခိုင်ဘုရင်အဆက်ဆက်တွင်ရှိနေခဲ့သောသူများအဖြစ် Wikimyanmar မှသက်သေခံပြီးဖြစ်သည့်အတွက် ဗြိတိသျှကိုလိုနီခေတ်တွင် တံခါးမရှိဝင်လာသည့်ကိစ္စကို စာရေးသူမှရှင်းလင်းရန်မလိုအပ်တော့ပါ။
ရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မမှခွဲထွက်ရန် မည်သည့်အခါမှ မတောင်းဆိုခဲ့ပါ။ မေယုခရိုင် ကို ပြည် မနှင့် တွဲ၍အုပ်ချုပ်ရန်တောင်းဆိုခဲ့ခြင်းသည် အလွန်အရေးကြီးသော သက်သေအထောက် အထားဖြစ် သည်။
ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးသည် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအချို့တွင် အခြေချ၍ မိမိတို့၏ ဆုံးရှုံးသွားသော နိုင်ငံသားရပိုင်ခွင့်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်၎င်း၊ အခြားသောတိုင်းရင်းသား အဖွဲ့ အစည်းများနှင့်၎င်း ပူးပေါင်း၍ ငြိမ်းချမ်းစွာတောင်းဆိုနေခြင်းဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ လက် နက်ကိုင် ဆောင်၍ နယ်စပ်ဒေသတွင် ဒေသတွင်းစိုးရိမ်ရအောင် တိုက်ခိုက်နေခြင်းမရှိပါ။
ရိုဟင်ဂျာဒုက္ခသည်များသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရစဉ် အိမ်ထောင်ဘက် မြောက်မြားစွာရှိ သည်ဟူသောစွပ်စွဲချက်ကို စာဖတ်သူတို့မှ ချင့်ချိန်၍ စဉ်းစားလျှင်အဖြေထွက်မည်ဖြစ်ပါသည်။ ဘင်္ဂ လားဒေ့ရှ် တွင်ဒုက္ခသည်များ မည်ကဲ့သို့နေထိုင်နေရသည်ကို Youtube ရှိ ဗီဒီယိုများမှတဆင့် စာဖတ် သူများလေ့လာနိုင် ပါသည်။ ယခုအခါ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၌ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ရခိုင်ပြည်သားဗုဒ္ဓ ဘာသာဝင်များကပင် စာရေး၍ Statement ထုတ်နေရသည့်ကာလဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတို့၏ လက်ထပ်ခွင့်ကို ကန့်သတ်ထားသော်လည်း၊ ထိုကဲ့သို့ စွပ်စွဲပြော ဆိုနေခြင်းမှာ ရိုဟင်ဂျာလူမျိုးတို့၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုလုပ်နေခြင်းမှလွဲ၍ အခြားသော ရည်ရွယ် ချက်မရှိသည်မှာ သိသာထင်ရှားပါသည်။ မွေးဖွားလာသော ကလေးငယ်များကို အိမ်ထောင်စုစာရင်းထဲ ထည့်မပေးဘဲ ၄င်းတို့၏ဘ၀ကိုပင် နိုင်ငံမဲ့ဘ၀သို့ စနစ်တကျပို့နေသည့်အချိန်တွင် မျိုးဆက်ပွားမှု မြင့်မား မည်လော။ ရှေးခေတ်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ မျိုးဆက်ပွားမှုမြင့်မားခဲ့ပါသည်။ စာဖတ်သူမှ မိမိ ၏အဖိုးအဖွားများ၌ မောင်နှမဘယ်နှစ်ဦး ရှိခဲ့သည်ကို ပြန်လည်ဆန်းစစ်လျှင် အဖြေကိုသိရှိမည်ဖြစ်သည်။ စီးပွားရေး ကျပ်တည်းနေသော မြန်မာနိုင်ငံတွင် ယခုအခါ မည်သူမဆိုမျိုးဆက်ပွားမှုကို ထိန်းချုပ်လျက် ရှိသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအားလုံးမှာ တရွာမှတရွာသို့သွားလျှင် ခရီးသွားခွင့်ပါမစ်တင်ပြီးမှ ခရီးသွားခွင့ှ် ရှိသည်။ ထိုသို့အခြေအနေကြောင့် ဆေးဝါးအချိန်မှီမကုသရဘဲ အသက်ဆုံးရှုံးခဲ့သူများမနည်း တော့ပါ။ ရိုဟင်ဂျာတို့မှာ ယခင်ခေတ်ကဲ့သို့ အစိုးရ၀န်ထမ်းလုပ်ခွင့်လည်းမရကြတော့ပါ။ ဤကဲ့သို့အခြေအနေ တွင် ရန်ကုန်မြို့သို့သွား၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်မှာ အိပ်မက်ပင်မမက်နိုင်ကြပါ။ ထို့ကြောင့် ယခု အခါ  စားဝတ်နေရေးကို ဖြေရှင်းရန် အသက်စွန့်၍ စက်လှေများဖြင့် ပင်လယ်ပြင်ကိုဖြတ်၍ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများသို့ရောက်ရန်ကြိုးစားနေကြရသည်။ အများစုမှာ ပင်လယ်ပြင်တွင် အစာရေစာငတ်ပြတ်၍ တဖုံ၊ မုန်တိုင်းဒဏ်ကြောင့်တမျိုးဖြင့် လမ်းခရီးတွင်ပင်အသက်ဆုံးရှုံးနေရပါသည်။ ထိုနိုင်ငံများတွင် ရိုဟင်ဂျာများ သာမက အခြားသောမြန်မာနိုင်ငံသားများ သိန်းဂဏန်းနှင့်ရှိပါသည်။ ထိုသို့စွန့်စားသွားနေသော မြန်မာနိုင်ငံသား မြောက်မြားစွာရှိပါသည်။
ဤသည်ကို ရှက်ဖွယ်ကိစ္စသဖွယ်ရေးသားရန်မလိုအပ်ပါ။ မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့်စီးပွားရေး အကျပ် အတည်းတို့ကြောင့်သာဖြစ်သည်။
Wikimyanmar တွင်ရိုဟင်ဂျာလူမျိုးအကြောင်းရေးသားသူသည် Racist တစ်ယောက်သာဖြစ်ပြီး နိုင်ငံတကာ တွင်အခြေချ၍ အတိုက်အခံအဖြစ်ရပ်တည်နေသော အဖွဲ့အစည်းများ၊ မြန်မာတိုင်းရင်းသားတို့၏ သဘော ထား ကိုသိလျက်နှင့် တဖက်သတ်ရေးသားထားခြင်းဖြစ်ပြီး၊ အခြားသောတိုင်းရင်းသားများ၊ ကမန်လူမျိုး များ၊ မြန်မာမွတ်စလင်မ်များနှင့် အငြင်းပွားအောင်ရန်တိုက်ပေးထားသော ရေးသားချက်များကို စာရေး သူမှတုန့်ပြန် ရန်ဆန္ဒအလျင်းမရှိဘဲ၊ မည်သည့်မြန်မာနိုင်ငံသားနှင့်မဆိုပူးပေါင်း၍ နိုင်ငံတော်၏ အရေးများ အားလုံးကို အခြား သောနိုင်ငံသားများနည်းတူ ရိုဟင်ဂျာလူမျိုးတို့လည်း ၀ိုင်းဝန်းဆောင်ရွက်ရန် ဆန္ဒ သာရှိပါကြောင်း သိစေအပ်ပါ သည်။
စာရေးသူသည် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများနှင့်တွဲဖက်၍ လှုပ် ရှားနေသော    Activist တစ်ဦးဖြစ်သည်။ ဆက်သွယ်လိုပါက – rohingya@gmail.com


No comments:

Post a Comment