Wednesday, March 21, 2012

56 - နစက ဆွဲတင်စစ်ဆေးရေးကြောင်း ရိုဟင်ဂျာ အထိနာ

နစက ဆွဲတင်စစ်ဆေးရေးကြောင်း

ရိုဟင်ဂျာ အထိနာ

မြန်မာအစိုးရ ၏ လက်အောက်ခံ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက) မှ နှစ်စဉ် စစ်ဆေးလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူရေး (၂၀၁၁ ခုနှစ်၊ ဆွဲတင်စစ် လုပ်ငန်း) ကို ဇန်နိုဝါရီ ၁ ရက်နေ့မှ စ၍ ယနေတိုင် ပြုလုပ်နေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး နှင့် လူမှုရေး ကဏ္ဍများတွင် များစွာ ထိခိုက် ဆုံးရှုံး နစ်နာ လျက် ရှိကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။ လူဦးရေး စာရင်း ကောက်ယူစစ်ဆေးရေး(သို) ဆွဲတင်စစ် လုပ်ငန်း သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို မြန်မာနိုင်ငံ လူဦးရေးစာရင်းမှ ဖယ်ထုတ် နိုင်သည်ကို၎င်း၊ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို ရခိုင်ပြည်နယ်မှ လျော့နိုင်သည့်ကို၎င်း လေ့လာ စစ်ဆေးပြီး မည်သည့် စီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်သော စစ်ဆင်းရေးသာ ဖြစ်သည်ဟု ၎င်းကပင် ပြောသည်။ နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် အိမ်ထောင်စု အလိုက် လူဦးရေးကို ဓါတ်ပုံတင်ထားခြင်း၊သေဆုံးသူများ နှင့် အိမ်မှ ထွက်ခွါသွားသူများ၊ စစ်ဆေးစဉ်မရှိသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ထုတ်ခြင်း၎င်း၊ တနေရာ မှ တနေရာသို့ လက်ထပ်ပြီး ပြောင်းရွေ့သော်၎င်း၊ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ပြောင်း ရွေ့သော်၎င်း၊ မွေးဖွါးခလေးများကို တရားမ၀င် ခလေးဟူ၍သော်၎င်း ပြောဆိုပြီး စာရင်းတင်မပေးပြီး စာရင်းမဲ့ဖြစ်အောင် ပြုလုပ်လေ့ရှိသည်ဟု မောင်တောမြို့မှ မြိုခံ လူကြီးတဦးက ပြောသည်။ ထို့အပြင် ၎င်း နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်း အဓမ္မ ငွေ ကောက်ခံနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများ၏ စီးပွါးရေးမှာလည်း ပျက်စီးသွားနေသဖြင့် စာဝတ်နေရေး ခက်ခဲ့လျက်ရှိကြောင်း ပြောပြသည်။ နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်နည်းများမှာ အိမ်ထောင်စု တစ်စု ကို ဓာတ်ပုံရိုက်ရန် အတွက် ရိုက်ခ ၂၅၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ အိမ်ထောင်စု စာရင်းမှ လူတစ်ဦး သေဆုံလျှင် ဖယ်ဖျက်ရန် ၁၀၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မွေးဖွားလာသောကလေးတစ်ဦး ကို အိမ်ထောင်စု စာရင်းသို့သွင်းလျှင် မွေးတိုးခ ၅၀၀၀မှ ၇၀၀၀ကျပ် ထိ ကောက်ခံခြင်း၊ နစက နယ်မြေ တခု အတွင်းရှိ ကျေးရွာ အုပ်စု တခုမှ တခုသို့ ပြောင်းဝင်/ထွက်လျှင် အိမ်ထောင်စု တစုလျှင်- ၁၀၀၀၀ ကျပ် နှင့် နှစ်ဖက် စလုံးမှ ၂၀၀၀၀ကျပ် ကောက်ခံခြင်း၊ အိမ်ထောင်စုတခု မှ တစ်ဖက်နိုင်ငံသို့ အိမ်ထောင်စုဝင် တဦးဦး ထွက်ပြေးလျှင် ဘင်္ဂါလားပြေးအဖြစ် သတ်မှတ်ခ ၄၀၀၀ မှ ၆၀၀၀ ကျပ် ထိ ကောက်ခံခြင်း၊ ဘာသာရေး အဆောက် အအုံ တခုလျှင် ဓာတ်ပုံရိုက်ခ ၁၀၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မလိုအပ်ဘဲ အိမ်ထောင် စုစာရင်းလဲလှယ်ခ တစ်စောင်လျှင် ၅၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ မလဲလှယ်ပါက မူလ အိမ်ထောင်စု စာရင်းကို စုတ်ပြဲ၍ အမှိုက်ပုံးထဲသို့ ပစ်တည် ခြင်း၊ အိမ်ထောင်စုဝင် တဦးဦးမှာ ဖြစ်မှုတစ်ခုခုရှိပါက ဓာတ်ပုံရိုက်မပေးဘဲ ငွေ ၅၀၀၀၀ မှ ၅ သိန်းအထိ တောင်းယူရရှိမှသာ ဓာတ်ပုံရိုက်ပေးခြင်း၊ နယ်မြေမှူး၊စခန်းမှူး၊စစ်ဦးစီး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မသင့်သည့် အိမ်ထောင်စုအချို့ကို မိမိ ဒေသ တွင် ရှိသော်လည်း ဘင်္ဂါလား ပြေးအဖြစ် သတ်မှတ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခြင်း တို့ကို ဤ စစ်ဆေးရေးတွင် နစကများသည် ရိုဟင်ဂျာ လူမျိုးများထံမှ ငွေ အတင်း အဓမ္မ တောင်းလျှက် ရှိနေသဖြင့် ရိုဟင်ဂျားလူမျိုးများ၏ ဘ၀မှာ တဖြည်းဖြည်း ဆုတ်ဖြဲလျက် သာရှိနေကြောင်းပြောပြသည်။ ၂၀၁၂ ခု မတ်လ ၁၁ ရက်နေ့တွင် အောက်ပြူးမကျေးရွာတွင် ဆွဲတင်စစ် လုပ်ငန်း ဆောင်ရွက်နေစဉ် အောက်ပြူးမကျေးရွာနေ ဦးအေဇာဟူဆိန်း(ဘ)ဦးဖွေရာမတ် ဆိုသူအား အောက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသန်းသည် ဆွဲတင်စစ် လုပ်ငန်းဆောင်ရွက် သည့်နေရာ မှ ၎င်း၏ဆိုင်ကယ်ပေါ်တင်၍ အမှတ်(၅) နယ်မြေ သို့ ခေါ်ယူ၍ ချုပ်ထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးဘသန်းနှင့် စစ်ဦးစီးအဖွဲ့တို့ပူးပေါင်းပြီး ငွေကျပ် ၈ သိန်း အတင်းတောင်း ယူပြီးမှ သာ အချုပ်ခန်းမှ လွှတ်မြောက်ပေးလိုက်ကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သော သတင်း အရ နစကများ၏ လူဦးရေး စာရင်းစစ်ဆေးရေးတွင် နှစ်စဉ် ရိုဟင်ဂျာ လူမျိုးများ ထံ မှ ငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ရရှိနေကြောင်း၊ ၎င်းငွေများသည် ပြည်ထဲရေး ၀န်ကြီးအဆင့်ထိ ရောက်ရှိ နေသဖြင့် နစက ကွက်ကဲရေးမှူး ဦးအောင်ကြီးသည် ရခိုင်ပြည်မြောက်ပိုင်း မှ ပြောင်းရွေ့ခြင်း မရှိ ရကြောင်း ဖြစ်ကြောင်း ပြောသည်။  

ခွဲခြားဆက်ဆံခံရမှုက မြန်မာမွတ်စ်လင်မ်တို့ကို ခြောက်လှန့်နေ

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ  မွတ်စ်လင်မ်တွေဟာ သူတို့မွေးရပ်မြေမှာ ခွဲခြားဆက်ဆံခံ ရမှု ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေဖြစ်နေပါတယ်။
မြန်မာ မွတ်စ်လင်မ် တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းက ကျွန်တော်ငယ်ငယ်ကတည်းက ခွဲခြား ဆက်ဆံခံနေရတယ် လို့ ပြောပါတယ်။
ကျောင်းသားအများစု နဲ့ ကျောင်းဆရာတွေတောင်မှ လူနည်းစုတွေ အပေါ်မှာ အထူးသဖြင့် ခွဲခြား ဆက်ဆံခံနေရတယ် လို့ ကျွန်တော် သတိထားမိတယ်ဟု ABC သတင်းငှာနကို ပြောပါတယ်။
ကျွန်တော်တို့ အဖိုးတွေ က ဒီမြန်မာပြည်မှာဘဲ မွေးပေမဲ့လည်း ကျွန်တော်တို့ကို သူစိမ်းတွေ နိုင်ငံခြား သားတွေလို့ သူတို့ ထင်နေကြတာ။
ကိုမျိုးဝင်းတစ်ယောက်ထည်းမဟုတ်ဘူး။ ဒီလိုနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး ဇော်မင်းထွေးကလည်း ရေရာ တဲ့ အကြောင်းပြချက်မရှိဘဲ မကြာခဏ နှိပ်စက်မှုတွေရှိကြောင်း၊ ဘာလို့လဲဆိုတာ မွတ်စ် လင်မ်ဖြစ် လို ဟု သူက ပြောပါတယ်။
ကျောင်းသူငယ်ချင်းတွေကလည်း ကုလားလို့ သူ့ကို ခေါ်ခံရတယ်။
ဒါက စော်ကားပြီးခေါ်တာပါ၊ အထူးသဖြင့် မွတ်စ်လင်မ်တွေကိုလို့ သူကပြောပါတယ်။
အဲ့ဒါ ဘာကိုဆိုလိုတာလဲဆိုရင် ကျွန်တော်တို့ က ဒီက မဟုတ်ဘူးလို့ ပြောတာပါ။
မြန်မာမွတ်စ်လင်မ်တွေ အထူးသဖြင့် ရိုဟင်ဂျာလူနည်းစုတွေဟာ နိုင်ငံရဲ့ သန်း ၅၀ ရှိတဲ့ အထဲမှ ၅ ရာခိုင်းနှုန်းအထက်ရှိသည်။
ရိုဟင်ဂျာလူနည်းစုတွေဟာ စစ်အုပ်ချုပ်မှုရဲ့ လက်အောက်မှာ တာရှည် ညဉ်းပမ်းနှိပ်စက်ခံ နေရ ပါတယ်။
၁၉၈၂ ခုနှစ်ရဲ့ နိုင်ငံသားဥပဒေက သူတို့နေထိုင်နေတဲ့ အိမ်မှာဘဲ တရားမ၀င် ရွေ့ပြောင်းနေထိုင် သူတွေအဖြစ် ပြုလုပ်လိုက်ပါတယ်။
အာဖဂန်နစ်တန် ရှိတာလီဘန်တို့ ဗုဒ္ဓဆင်းထုကို ဖျက်ဆီးမှုအပေါ်တွင် ဇော်မင်းထွေး၏ မိသားစု လဘက်ရည်ဆိုင်ကို ၂၀၀၃ ခုနှစ်က ဘုန်းကြီးများ ဖျက်ဆီးခံခဲ့ရကြောင်း ကိုပြန်လှန်ပြောပြပါတယ်။
သူတို့က အာဖဂန်မှာ ပျက်ဆီးသွားတဲ့ ဗုဒ္ဓဆင်းထုနဲ့ ပတ်သက်လို့ လက်စားချေချင်လို့ ABC သတင်း ငှာနကိုပြောပါတယ်။
ဒီအရင် က အာဖဂန်နစ်တန် ဘယ်မှာမှန်းတောင် မသိပါဘူးဗျာ ပြီးတော့ အာဖဂန်က လူတွေကို လည်း တစ်ယောက်မှ မသိပါဘူး ဒါပေမဲ့ သူတို့ ကကျွန်တော်တို့ ကို ပစ်မှတ် အဖြစ်ထားတယ်လို့ ပြောပါတယ်။
တစ်ရက်တော့ ကျွန်တော်တို့ လဘက်ရည်ဆိုင်လာတော့ ကျွန်တော်တို့လည်း အိမ်ထဲမှာ ပုန်းနေကြ ရတယ် ပြီးတော့ ဆိုင်ကိုဖျတ်ဆီး သွားတယ်ဗျာ။ အဲ့ဒီတုန်းက အဲ့လူတွေကို ကျွန်တော် အတော်ကြောက်နေတာ။
ဒီလို တိုက်ခိုက်ခံရ မှုတွေက ဇော်မင်းထွေးကို သူ့နိုင်ငံရဲ့ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ကျန်ရှိ စေခဲ့ သည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်အုပ်ချုပ်မှု နှင့် ပြီးခဲသည့် နှစ်အထိ နေခဲ့ရသည်။
အဲ့ အချိန်ကတည်းက ကျွန်တော် ဘယ်သူမှ မယုံကြည်နိုင်တော့ဘူး။ ကျွန်တော် အိမ်နီးချင်း တွေတောင်မှ ၀င်ရောက် ကာကွယ်မပေးဘူး။လို့ သူက အခုလို ပြောပါတယ်။















No comments:

Post a Comment