Wednesday, March 14, 2012

47 - ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့တက်ရောက်လေ့လာ


ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်သို့တက်ရောက်လေ့လာ

Monday, March 12, 2012  Rohingya Blogger






ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၄၅မိနစ်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင်   ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
http://w.soundcloud.com/player/?url=http%3A%2F%2Fapi.soundcloud.com%2Ftracks%2F39519709&show_artwork=true
လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံ ကို မိနစ် ၃၀ နီးပါးကြာ တက်ရောက်လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင်   နေပြည်တော် လွှတ်တော် ခန်းမ အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
Source : The Voice Weekly

No comments:

Post a Comment