Saturday, March 24, 2012

115 - ဒေါက်တာအေးချမ်း နှင့် အပေါင်းအပါမျုားသို့၊

ဒေါက်တာအေးချမ်း နှင့် အပေါင်းအပါမျုားသို့၊


(ပထမပိုင်း) 
 
လူကြီးမင်း ဒေါက်တာအေးချမ်း တို့က ရိုဟင်ဂျာဆန့်ကျင်ရေး ဆိုရင် မောတောင်မမောနိုင် ပါဘူး။ မော ရင်တောင် အမောလေးဖြေဖို့ မအားနိုင်ပါဘူး။ အားနဲ့မာန်နဲ့ ဇွဲကောင်းကောင်း   ရေးနေပြီဟယ့်။   ရေးတော့လဲ ဟုတ်တာတွေရော့၊ မဟုတ်တာ တွေရော့ အငမ်းမရ ရေတော့တာပါဘဲ။ သမိုင်း ပညာရှင် ဖြစ်လို့ သူရေးတိုင်းသမိုင်းဖြစ်တယ်လို့ အယူဝင် စားနေတော့ သာ မန်ကုသရ ခက်ပါတယ်ခင်ဗျား။
အခုလဲကြည့်ပါအုံး၊ ဘာလဲ-သူရေးတာ - ရိုဟင်ဂျာဆိုတာကို သူကအသိအမှတ်မပြုပါဘူးးတဲ့ ခင်ဗျား။ ဒေါက်တာ အေး ချမ်း ခင်ဗျားကို ဘယ်သူဘာလဲဆိုတာ ထောက်ခံချက်ပေဖို့၊ အသိအမှတ်ပြုပေးဖို့ အခွင့်အာဏာ ဘယ်သူကပေး တာလဲ၊ မသိလို့ ပါ။ ပြောရင်တော့ ငါ့စကား ငါနွားရ ဖြစ်လေမလား။


ပြီးယင် လူမျိုးကြီး (၈)မျိုးနဲ့ မြန်မာနိုင်ငံဆိုတာ ဘယ်လိုသဘောပေါက်ရမလဲဗျာ။ သမိုင်းမှာ အဲဒီအတိုင်း မဟုတ်ခဲ့တော့ ခင်ဗျားတို့တတွေ ရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတာ နစ်ဘယ်လောက်ကြာခဲ့ပြီဆိုပြီး ၀မ်းနဲမှုအခမ်းအနားတွေ ကျင်းပ နေတာတို့၊ လွတ် လပ်ရေးသာ ပထမ၊ လွတ်လပ်ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယ၊ အချုပ်အချာပိုင် ရခိုင်နိုင် ငံတော် ဆိုပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနဲ့အတူ တိုက်ပွဲတွေဆင်နွှဲလာတာ ခင်ဗျားလဲ ရန်ပုံငွေတွေ ပေေးနကျမ ဟုတ်ဘူးလား။ ရိုဟင်ဂျာနဲ့မှ နအဖ ရဲ့ မြန်မာတိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုးအကြောင်း ဘာလို့ထည့်ပြောနေရပါလိမ့်။
ရှင်းရှင်းလေးပြောရရင် ဘယ်ပြည်နယ်မှ ဗမာနိုင်ငံမဟုတ်ခဲ့ပါဘူး။ ဗမာဘုရင်တွေက သိမ်းယူခဲ့တာ မဟုတ်လား။ အဲဒီနိုင် ငံတွေမှာ လူမျိုးတစ်မျိုးတည်းမက ရှိခဲ့ပါတယ်။ ဒီနေ့ (၈) ပြည်နယ်နဲ့ လူမျိုးကြီး (၈) မျိုးကို လက်ခံတယ်ဆိုရင် အရှိတ ရားကို လက်ခ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲလိုအရှိတရားကို လက်ခံတယ်ဆိုရင် သမိုင်းကိုထည့်စဉ်းစားစရာ လို သေးသလား။ လိုက်နာ တယ်ဆိုရင် တဖက်တည်းကို မျှမျှတတရှိအောင်လိုက်ပါ။ မိမိလိုရာရောက်ဖို့ နအဖ တစ်ပိုင်း၊ သမိုင်းတစ်ပိုင်း မလုပ်ကောင်းပါဘူးလေ။
ခင်ဗျားတို့ရဲ့အာစရိ မဆလ၊ န၀တ၊ နအဖ အစရှိတဲ့ စစ်အစိုးရကလဲ ပြည်နယ်တွေ ခွဲထွက်ရေး ပြဿနာ နောက်ကြောင်း အေးပြီး၊ နောင်အတွက်လဲ စိတ်ချလက်ချ ရှိနေနိုင် ရန် ပြည်နယ်   တွေမှာ သွေးနောခြင်း၊ ဗမာဦးရေတိုးပွားအောင်လုပ်ခြင်း အစရှိတာတွေ စီမံကိန်းချပြီး လုပ်နေတာ၊ အဲဒီမှာ ရိုဟင်ဂျာတွေက သွေးခွဲအုပ်ချုပ်ရေးရဲ့ သားကောင်ဖြစ်နေတာဘဲ။ အခုလဲ ခင်ဗျားတို့က ရိုဟင်ဂျာတွေနောက် တကောက်ကောက်လိုက်သာနေပျော်တယ်၊ ဗမာကလေးတွေရဲ့ အမေမဖြစ် တဲ့ ရခိုင်အမျိုးသမီးလေးတွေဘယ်လောက်များကျန်နေသေးပါလိမ့်။ 
သံတွဲအထက်ပိုင်းဆို ပြောတဲ့ဘာသာစကား တောင် ဗမာတွေ ဖြစ်ကုန်နေပြီလေ။
ထားပါတော့၊ ခင်ဗျားတို့က သူ့ကျွန်ဖြစ် သွေးနှောခံပျော်တာကို ကျွန်ုပ်စိတ်ပူလို့ အပိုပါဘဲ။ ပြောချင်တာက အရှိတရားကို လက္ခံတယ်ဆိုရင် သမိုင်းကိုထည့်မပြောနဲ့ ဆိုတာပါဘဲ။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်မျိုးရှိနေတာလဲ အရှိ တရားထဲကပါဘဲ။ သူတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ခင်ဗျားတို့ ကန့်ကွက်လို့ မောတာဘဲ အဖက်တင်လိမ့်မယ်။
သမိုင်းကြောင်းအတိုင်း ဖြစ်စေချင်တယ်ဆိုရင်လဲ ရှည်ရှည်ဝေးဝေး သွားစရာမလိုပါဘူး။ ခင်ဗျားရဲ့ ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ရခိုင်မှာ မူဆလင်တို့ တည်ရှိနေမှုကို မဖုံး မဖိနိုင် ရေးသားထားတာ ရှိနေတယ်လေ။ (၈) ရာစု လောက်ကစပြီး အာရပ်သင်္ဘောပျက် ကုန်သည်တွေ ကို အကြောင်းပြုပြီး ရခိုင်မှာ အစ္စလာမ်ဘာသာ ရောက်ရှိနေ ကြောင်း၊ တဖန် ဘုရင် စောမွန် လက်ထက်ကတည်းက ရခိုင့်အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးမှာ မူဆလင်တွေ အရေး ပါခဲ့တဲ့အကြောင်း ဒါတွေအားလုံး ခင်ဗျားထည့်ရေးခဲ့ပြီဘဲ။ ဒီကနေ့ ရခိုင်မှာ ရှိနေသမျှ စစ်တကောင်းသားတွေပါလို့ ပြော မယ်ဆိုရင် ဟိုခင်ဗျားရေးခဲ့တဲ့ အထက်က မူဆလင်တွေ ဘယ်ရောက်နေပြီလဲ ခင်ဗျားဘဲဖြေကြည့်ပေါ့။
အဲဒီတုန်းက မူဆလင်ဦးရေ အနည်းငယ်သာဖြစ်တယ်လို့ ခပ်လွယ်လွယ် ဖြေအုန်းမလား။ ဒါဆိုရင်   ဒေါက်တာအေးချမ်း တို့ကို သမိုင်ပညာရှင်အစား ရီစရာလေးတွေ ပြောတတ်တဲ့ လူရွှင်တော်တွေဘဲလို့ … ပြောရမှာ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတာမရှိတာ ဘာကြောင့်လဲ။ ဒီမေးခွန်းကို ကျွန်ုပ်ဖြေမယ်ဗျ… မရှိတာမဆန်းပါဘူး။ ဘာ ကြောင့်လဲဆိုတော့ အဲဒီမှာ ဒေါ်နီနီမြင့် နဲ့ ဦးနေ၀င်း အနားမှာ ကပ်ပါးနေတဲ့ ခင်ဗျားတို့၊ ဦးအေးကျော်တို့၊ ဦးရွှေဇံတို့ အစ ရှိတာတွေ ရှိနေလို့ဘဲ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ရှိခဲ့ပါတယ်။ အဲလိုရှိတာကို ခင်ဗျားတို့က မလိုလားပါဘူး။ ဒါကို ခင်ဗျားတို့က မရှိအောင်လုပ်ခဲ့တယ်။ ပြီးတော့ ဒီနေ့ဒီအချိန်မှာ ဒီမေးခွန်းမေးလောက်အောင် ရည်ရွယ်ပြီး ပိုင်ပိုင်နိုင်နိုင် လုပ်ထားတယ်။ မြန်မာ့သမိုင်းကို မလိမ့်တပတ်လုပ်ခဲ့သမျှ ခင်ဗျားတို့လက်ချဖြစ်ပါတယ်လေး။ အခုလဲကြည့်ပါအုန်း၊ နိုင်ငံတကာသမိုင်းစာ မျက်နှာမှာ ရူးကြောင်ကြောင်နိုင်လွန်းတာ။
ဒီလောက်ကလေး သတိထားမိယင် လူကြီးမင်းရဲ့ အတွင်း၊ အပြင် အကြံအစည်အားလုံးကို သဘောပေါက် လောက် ပါတယ်ဗျာ။
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာဆိုတာ မရှိယင်လဲ ကိစ္စမရှိပါဘူး။ မြန်မာပထ၀ီမှာ ရှိနေပြီဘဲ။ မြန်မာကျောင်းသုံး၊ အထက် တန်း ပထ၀ီစာအုပ်ပါ တိုင်းရင်းသားလူမျိုးများ ပြန့်ဝေနေထိုင်ပုံ ဆိုတဲ့ မြန်မာနိုင် ငံမြေပုံ ကို   လေ့လာကြည့်ပါ။ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာ့ရာဇ၀င်ကျမ်းတွေကို လေ့လာကြည့်ပါ။ ၁၉၆၀၊ ဂျုလိုင်လ ထုတ် မြ၀တီမဂ္ဂဇင်းကို လေ့လာပါ။
ခင်ဗျားတို့က ၀န်ကြီးချုပ် ဦးနှကိုလဲ နေ၀င်းနောက်လိုက်ကောင်းပီပီ သူ့လေသံအတိုင်း အမျိုးမျိုးအပုပ်ချ စွတ်ပြောနေ သေးတယ်။ အမှန်က ဦးနုဟာ ဖြစ်သင့်ဖြစ်ထိုက်တာကို မျှမျှတတရှိအောင်   ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။ သူကျတော့ ခင်ဗျားတှိ့ တတွေကို သမိုင်းမှာ မလိမ့်တပတ်လုပ်ဖို့ ခွင့်မပြုခဲ့ဘူး ထင်ပါရဲ့။ ဦးနုကိုထားပါတော့… သမတ စောရွှေသိုက် ရော့၊ သူ့ကျတော့ ဘယ်လို ဆင်ခြေများပေးအုန်းမလဲနော်။
ဦးအောင်ကြီးကိုလဲ ခင်ဗျားတို့က တစ်စုံတစ်ရာ ကဲ့ရဲ့ရအုန်းမှာဘဲ။ နိုင်ငံခြားသုတေသီတွေကိုကျတော့ ရခိုင့်သမိုင်း ဂဃနဏ မသိဘူးလို့ … ခပ်ပြတ်ပြတ်ပြောတာပါဘဲ။ ငါသာလျှင် အကုန်သိပါ တယ်…ဆိုတဲ့လူကို မဟာလူသားပါလို့ ဘယ်သူ့မှအလေး မထားဒါ စဉ်းစာဖို့တော့ ကောင်းပါပြီ။
ရိုဟင်ဂျာပတ်သက်လို့ ကမ္ဘာ့သမိုင်းပညာရှင်ဆိုလဲ ဘာမှမသိဘူးတဲ့၊ ရိုဟင်ဂျာတွေရေေးတာ့လဲ သမိုင်းလိမ်…တဲ့၊ နိုင်ငံ့ခေါင်းဆောင်တွေ ပြောတော့လဲ ရွေးကောက်ပွဲ မဲဆွယ်တာ…တဲ့၊ တခြားမြန်မာ့ သမိုင်း ပညာရှင်တွေကျတော့လဲ ရခိုင့်သမိုင်းနားမလည်ဘူး …တဲ့၊ အထောက်အထား အကိုး အကားတွေ ထောက်ပြတော့လဲ အခြေအမြစ်မရှိဘူးလို့… ဆိုပြန်ရော့။ ကိုယ်ကလွှဲ ရင် ဘယ်သူ့မှ မတတ်ဘူး လို့ပြောနေတာ တစိတ်မလွန်ဘူးလားခင်ဗျား။ တော်တော် လက်ခံစ ရာကောင်းတဲ့ ပါရမီရှင်တွေပါဘဲ။ ဦးအေးချမ်း ခင်ဗျား… ကိုယ့်ကိုယ်ကို ဘယ်လောက်တော်တဲ့၊ တတ်တဲ့   ကျောင်းသား ဖြစ်ခဲ့ဘူးသလဲဆိုတာ ထည့်စဉ်း စားဖို့ မမေ့အုံးနဲ့လေ။
မကြာခဏ ပြောပြောနေတဲ့ “ဦးနု မမှန်မကန်လုပ်ခဲ့တယ်” ဆိုတဲ့အကြောင်းကို ဒီတစ်ချီရှင်းပြ မှ ရေးနေကျသူတွေ လက္မခံရင် တောင်၊ ဖတ်နေသူတွေတော့ သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။ အမှန်က… ဦးနု အဲဒီလိုလုပ်ရခြင်း ဟာ သူနဲ့ နန်းရ၀န် အက်တလီ လက်မှတ်ရေးထိုးခဲ့တဲ့ လွတ်လပ်ရေး စာချုပ်ပါအချက်အရ လုပ်ရခြင်းဖြစ်ပါတယ်။ အဲဒီ ဦးနုသဘောတူ လက်မှတ်ထိုးရတဲ့ စာချုပ်ပါ အချက်ရဲ့အနှစ်သာရကို အကျဉ်းလေ့လာမယ်ဆိုရင်…မြန်မာပြည် လွတ် လပ်ရေး ရယူနေတဲ့အ ချိန်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့သတ်မှတ်တဲ့ နယ်နိမိတ်အတွင်း နေထိုင်သူများအား လုံးဟာ   မြန်မာတိုင်းရင်းသား တွေဖြစ်ပြီး၊ ယင်းတို့ရဲ့ အခွင့်အရေးနှင့် ရပိုင်ခွင့်အရာတွင် အားလုံးတန်း တူရည်တူဖြစ်ရ မယ်လို့…ပါရှိလာတယ်။ လေ့လာ ကြည့်ပေါ့ဗျာ။ ခင်ဗျားကြံဖန်ရေး တာတွေ ကျတော့ ပေါ်သွားနိုင်တာကလွှဲရင် ဗဟုသုတ အဖြစ်ပေါ့။
အထက်သဘောပါ အချက်အလက်အရ ဦးနုက အရှိတရားတရပ်ကို ယတာဘူတကျကျ အကောင် အတည်ဖော်ဆောင်ခဲ့ ခြင်း ဖြစ်ပါတယ်။
နောက်အချက်တစ်ခှကိုလည်း ဆက်လက်ဖြေကြားပေးပါမယ်။ ဘာလဲဆိုတော့… ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၅၀ ၀န်း ကျင်က ကြံဖန်ထွင်လိုက်တယ်ဆိုတဲ့… အချက်ပါဘဲ။ ဟုတ်တော့ဟုတ်  ပါတယ်။ ၁၉၅၂ ခုလောက်က ဒီလိုဘဲ အတိအလင်း သုံးစွဲလာခဲ့ရပါတယ်။ အသစ်ထွင်ခြင်း လုံးဝမဟုတ်ပါ၊ အကြောင်းမဲ့လဲ မဟုတ်ပါဘူး။
ချန်န္ဒရာမင်းဆက်မှသည် ကိုလိုနီခေတ်အထိ ရခိုင်ပြည်သူတွေမှာ မည်သည်လူမျိုးဖြစ်သည်ကို ဖော်ပြရန် အကြောင်း တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ခြင်း မတွေ့ရပေ။ ဒါကြောင့် အဲဒီမှာနေထိုင်လျက်ရှိတဲ့ ပြည်သူတိုင်းကို ရခိုင်လို့ခေါ်တဲ့ ဒေသကို အခြေခံတဲ့ အသုံးအနှုန်းနဲ့ လူသိများတယ်။ ဒီကနေ့ အထိ မြန်မာပြည် အနှံ့ ပြည်သူတွေက အဲဒီအတိုင်းဘဲ သတ်မှတ်ကြ တယ်။ ရခိုင် ဗမာ၊ ရခိုင်-မူဆလင် စသဖြင့် ခေါ်နေတာ အားလုံးသိနေပါတယ်။
၁၉၅၂ ခုနစ်မှာဆိုရင်၊ လူမျိုးစုအလိုက်အမည်ကို သီးသန့်ဖော်ပြရန် အကြောင်း တရားတွေ ပေါ်ပေါက်လာတဲ့အခါကျ တော့၊ ”မောဂ်” တွေက ရခိုင်လူမျိုး ဆိုပြီး…အခိုင်အမာ သုံးစွဲလာတောင်မက ရခိုင်ဆိုတာ ဗုဒ္ဓဘာသာနဲ့ တသားတည်းပါ ဟု ပြောဆို လာခဲ့ပြန်တယ်။ ဒီတော့ မူဆလင်တွေ အနေနဲ့ ခေါင်းကိုက်လာရတာပေါ့။ တစ်ပြည်နယ်တည်းနေသူ အချင်း ချင်း လူမျိုးအခေါ် အဝေါ် လွန်းဆွဲပွဲကြောင့် ပြဿနာတက်သည်က လူမျိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေး စတဲ့ကိစ္စတွေအတွက် ကောင်းတာမဟုတ်။ ဤတွင် မူဆလင်တွေက မိမိတို့လူမျိုးအတွက် အခေါ်အဝေါ် တစ်ရပ်ကို ခေါင်းချင်းဆိုင် အပူတ ပြင်း ရှာဖွေသတ်မှတ်ပေးရ တာပေါ့ဗျာ။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ အဆန်းထွင်ခြင်းမ ဟုတ်ပါ။ ဒီနာမည်နဲ့ လူမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ပြည် နယ်မှာလဲ ၈၀% ရှိနေပါသေးတယ်။ မောဂ်တွေဟာ စစ်တကောင်း၊ ဘန်ဒေါဘောန် နဲ့ ကော့စ်ဘဇား ဘင်ဂါလီတွေကြားမှာ ရခိုင် ဆိုပြီး မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သလို့၊ ဒီလူမျိုးဘဲ ရန်ဂါမာတီမှာ ”မာရာ” ဆိုပြီး ရပ်တည်နေနိုင်တယ်။ ပြဿနာတစ်စုံတစ် ရာမရှိ။ ရိုဟင်ဂျာတွေ စစ်တကောင်း သားတွေ မှန်တယ်ထား ပါတော့၊ သူတို့က မြန်မာပြည်မှာ ရိုဟင်ဂျာပါလို့ခေါ်နေတော ဘာထူး ဆန်းလို့လဲ၊ ခင်ဗျား ဘာ လက်မခံစရာရှိသေးလဲဗျာ။ ဒီလိုလူမျိုး တူ နံမယ်ခြားတွေ ကမ္ဘာပေါ်မှာ ရေတွက်လို့မကုန်ဘူး။ မြန်မာနိုင်ငံ အနီးတ၀ိုက် မှာတောင် အများကြီး လက်ညိုးထိုးပြနိုင် တာတွေ ရှိပါတယ်ဗျာ။
အဲဒီအကြောင်းကို ပုံကြီးချဲ့ကာ ဂျပိုးလေးကို လိပ်ကြီးပါလို့ ပြောနေကြတာ မဟုတ်ဘူးလား။ အမှန်က အဲဒီအခေါ်အဝေါ် ”ရိုဟင်ဂျာ” ဆိုတာ သူများပြောသလို အသစ်ထွင်ခြင်း လုံးဝမဟုတ်။ မူဆလင်တို့က မူရင်းဒေသအမည်ကို ယင်းတို့ ခေါ် နေကျ လေသံအတိုင်း ထုတ်ဖော်သုံးစှဲခြင်း ဖြစ်ပါတယ်။ ဒီအခေါ် အဝေါ်ဟာ ရခိုင်ဆိုတဲ့ ဗမာအသံထွက် စကားလုံးရဲ့ ဆင်းပွားဖြစ်တယ်ဆိုတာ ဦးအေးချမ်း တို့ ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့်လဲ ဒီနာမည်ကြားတိုင်း သူတို့အား လုံး ဗိုက်အောင့်လာပြီး ၀မ်းသွားနေရတာ ဖြစ်ပါတယ်။ ဦးအေးချမ်း ခင်ဗျား ကျွန်ုပ်နဲ့ အပြန်အလှန်ရေးတုန်းက ဒီလိုဘဲ ၀န်ခံ ထားဘူး ပါတယ်။ မေ့လိမ့်မယ် မထင်ပါဘူး။ စာရှည်မှာစိုးလို့ ထည့်မရေးပါဘူး။

(ဒုတိယ နိဂုံးချုပ် အပိုင်းကို ဆက်လက်ဖတ်ကြားပါရန် မျှော်ပါ၊)
လေးစားစွာဖြင့်၊

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

No comments:

Post a Comment