Saturday, March 24, 2012

109 - မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်

မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်


စိုးသန်းလင်း (Myanmar Times)
အတွဲ ၂၉ ၊ အမှတ် ၅၆၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင် ကျယ် စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန်   နိုင်ငံ တကာ ပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင် စု လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။

"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက် ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ်   တော် ကိုယ်စား လှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီးြ မန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့် ကမ္ဘာသို့အသိ ပေးနိုင် မှာဖြစ် သလို နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်ကိုလည်း တိုးချဲ့ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း သုံးသပ် တင်ပြလိုပါ တယ်"ဟု ၎င်းနေ့အစည်းအဝေး၌ ပြည် ထောင်စု လွှတ်တော်နာယက ဦးခင် အောင်မြင့်  က ပြောကြားအပြီး လွှတ် တော်၏ ဆန္ဒသဘောထားကို မေးမြန်း ကာ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း တွေ့ရသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေ စိုက်သော နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (IPU) ၏ အတွင်းရေးမှူးချုပ်ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

နိုင်ငံတကာလွှတ်တော်များနှင့် ထိ တွေ့ဆက်ဆံမှုများ ပိုမိုတွင်ကျယ်လာ ပြီဖြစ်ရာ ပြည်ထောင်စု လွှတ်တော် နာယကသည် ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခေါင်းဆောင် များနှင့် ပါလီမန် အမတ်များ ညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။

No comments:

Post a Comment