ဒေါက်တာအေးချမ်း နှင့် အပေါင်းအပါမျုားသို့၊
ဒုတိယ (နိဂုံးချုပ်) အပိုင်း
ဒေါက်ချမ်းတို့ လုပ်လိုက်ရင် ဒီအတိုင်းချည်းဘဲ။ ဘင်္ဂလားဒေ့ရှ် လာလည်တုန်း ကလဲ တွေ့ချင် ပါတယ်ဆိုတာနဲ့ လစ် တော့တာ ပါဘဲ။ အဲဒီတုန်းက တွေ့ဖို့ကောင်းပါတယ်ဗျာ။
သူရေးတိုင်း
စစ်တကောင်းသားတွေဆိုတာ မပါလိုမဖြစ်ဘူး။ အဲဒါလဲရှင်းပြပါမယ်ခင်ဗျား။
ဒီလိုပါ…ရှေ့ ရခိုင် မင်းဆက် များကနေ အိန္ဒိယအင်ပါယာရှင် အော်ရန်ဇစ်
သိမ်းပိုက်ခဲ့တဲ့ ၁၆၆၆ ခုအထိ စစ်တကောင်း ဟာ ရခိုင်လက်အောက်ခံဒေ သ ဖြစ်ပါတယ်။
ဘုရင်စောမွန်လက်ထက်က
ဘင်္ဂလား (၁၂) မြို့ကို စူလတန်ဘုရင်ထံပေးလိုက်ရသော်လည်းဘဲ၊ မင်းဘစောဖြူ
လက်ထက်ကျတော့ ပြန်လည်ရယူခဲ့ပါတယ်။ စစ်တကောင်း အုပ်ချုပ်ရေးကလည်း
ရခိုင်ချန္ဒရာများ လက်အောက်ခံတွေဖြစ်ပြီး မြောက်ဦးမင်းဆက်တွေကဘဲ
ပေါ်တူဂီတွေကိုပေး၊ ကျွန် လုပ်ငန်းတွေကို လုပ်ကိုင်စေခဲ့ တယ်။ ဒီတော့
စစ်တကောင်းဟာ ရခိုင်ရဲ့အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်ဆိုတဲ့ ရခိုင်ရာဇာဝင်လာ
အချက်အလက်ကို စောဒကမတက်နိုင်ပါ။
စစ်တကောင်း ဟာ
ရခိုင်ရဲ့အစိတ်အပိုင်း တစ်ရပ်အဖြစ် တည်ရှိနေဆဲကာလတလျှောက်
ရှည်လျားကြီး ကျယ်တဲ့ ပင် လယ်ဆိပ်ကမ်းကြောင့် အကျိုးစီးပွားအလွန်ဖြစ်ထွန်းကာ
စီးပွားအချက်အချာအဖြစ် ကမ္ဘာကျော်ကြား ခဲ့ရတယ်။ အထူး သဖြင့် ရေကြောင်းသွား
အာရပ်ကုန်သည်များအဖို့ စီပွားမြူဆွယ် ရာလည်းဖြစ်၊ ပင်လယ်အထပ်ထပ်ကို
ရက်ပေါင်းများ စွာ ဖြတ်သန်းလာရတဲ့အတွက် နားခိုရာဒေသ လဲ ဖြစ် ခဲ့ရပါတယ်။
နကိုယ်က မင်းစောမွန် ပင့်ဆောင်ခဲ့တဲ့ ဘင်္ဂလား စစ်တပ် (၅) သောင်းနဲ့
ယင်းတို့ရဲ့မိသားစုတွေ အခြေကျနေထိုင်လျက်ရှိတဲ့ ရခိုင်ဟာ
အာရပ်ကုန်သည်တွေရဲ့ ဈေး ကွက်ဖြစ် လာတာက တစ်ကြောင်း၊
အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး မူဆလင်တို့လက်အောက် ကျရောက်ရာကနေ ဂိုအား
ဘင်္ဂလားနယ်အထိ အစ္စလာမ်ဘာသာက လွှမ်းမိုးလာတာက တစ်ကြောင်း၊
ဒီလိုအချက် အလက် များကြောင်း ကုလာ တန်းမြစ် အနောက်ဖက်ကမ်းမှ သည်
စစ်တကောင်းနယ်တစ်ခုလုံး အစ္စလာမ်ဘာသာဝင်တွေ ပြန့်နှံ့နေလာခဲ့တယ်ဆို ရင်
သိပ်အံ့သြစရာ မဟုတ်ပေ။
၁၆၆၆
ခု၊ စစ်တကောင်းဒေသကို အိန္ဒိယအင်ပါယာထဲ အပြီးသိမ်းသွင်းခံရတဲ့နောက်
ရခိုင်ပြည်သူတွေ အချင်းချင်း ခေတ္တ သူစိမ်းတွေ ဖြစ်လာခဲ့ရတယ်။ သို့သော်လည်းဘဲ
၁၇၈၄ မှာ ကျန်တဲ့ရခိုင်အစိတ် အပိုင်းကို ဗမာပြည်ထဲသိမ်း သွင်းလိုက်တဲ့
တိုက်ပွဲဒဏ်နဲ့ ဗမာစစ်တပ်များရဲ့ နှိပ်ကွပ်မှုဒဏ်ကြောင့် ရခိုင်ပြည်သူတွေဟာ
ဗြိတိသျှအပိုင် စစ်တ ကောင်းနယ်ထဲ အစု လိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့အတွက်
အချင်းချင်းပြန်လည် အချိတ်အဆက်ဖြစ်လာရတယ်။
၁၈၂၃
ခု ဗြိတိသျှတွေက ရခိုင်ကို သိမ်းယူပြီးနောက်ပိုင်း အားလုံး
ယင်းတို့လက်အောက်ခံဖြစ်သွားတော့ တစ်နိုင်ငံ တည်း ဖြစ်သွားပြန်တယ်။ ဒီလိုနဲ့
မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုအထိ ဒီလိုဘဲ တစ်ခုတည်းသော နိုင်ငံသား
တွေအဖြစ် နေထိုင်လျက် ရှိခဲ့ကြတာပါဘဲ။
စစ်တကောင်းနယ်ကို
အိန္ဒိယအင်ပါယာရှင်က သိမ်းပိုက်ခဲ့သော်လည်း၊ ထိုဒေသအတွင်း
မိမိရခိုင်နိုင်ငံကို သစ္စာရှိသူ များ၊ ချစ်မြတ်နိုးသူများ မြောက်များစွာ
ရှိနေမည်မှာ သဘာဝသာဖြစ်ပြီး သံသယမရှိကောင်းပေ။ ထို့အပြင် ဗမာစစ် တပ်တို့ရဲ့
နှိပ်ကွပ်မှုဒဏ်ကြောင့် မိမိအိုးအိမ်မြေကို စွန့်ကာ ထွက်ပြေးခဲ့သူတွေလည်း
ရှိနေသေးတယ်။ ထိုကဲ့သို့သော လူများ၊ ရခိုင်ကို အင်္ဂလိပ်တွေ
သိမ်းပိုက်တဲ့နောက်ပိုင်း ရခိုင်ပြည်မ ထဲ ပြန်လည်ဝင်ရောက်
နေထိုင်လျက်ရှိကြတယ်။ ဒီလိုအဖြစ်အပျက်ကို ကိုးကားပြီး ဦးအေးချမ်းတို့က
ဗြိတိသျှခေတ်က အိန္ဒိယကနေ လယ်ယာလုပ်ငန်းအတွက် ခေါ် လာခဲ့တဲ့ လယ်သမားအချို့နဲ့
ရာသီ အလိုက်အ လုပ်ရှာဖွေရင်း ရောက်လာတတ်တဲ့ အလုပ်သမားအချို့ကို အကြောင်း
ပြုရင်း ရခိုင်ပြည်ဖွား ဒေသခံအရင်း အချာတွေကိုတောင် ရောနှောပြီး
”ကိုလိုနီခေတ်မှာ စစ်တကောင်းသားတွေ ၀င် ရောက်နေထိုင်လျက်ရှိတယ်၊
ရခိုင်တိုင်းရင်း သားမဟုတ်ဘူး” အစရှိသလို လျှာအရိုးမရှိတိုင်း
ဇွတ်ပြောတော့ဒါပါဘဲ။ ဒီနေရာမှာ တဆက်တည်းတင်ပြမယ်ဆိုရင် ဟိုတုန်းက
စစ်တကောင်းကို အိန္ဒိယထဲသိမ်းပိုက်တုန်းကရော့ ဗမာစစ်တပ် ကြောင့်
ထွက်ပြေးခဲ့သူများထဲမှာပါ ရိုဟင်ဂျာနည်းတူ မောဂ်တွေလဲပါခဲ့တယ်။
ယင်းတို့အထဲမှာ လူမျိုးနှစ်ခုစလုံး အင်္ဂ လိပ်ခေတ်ကျပြန်တော့ ရခိုင်ပြည်ထဲ
ပြန်ဝင်နေထိုင်လျက်ရှိ ခဲ့တယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေဆိုရင်
လှိုက်လှိုက် လှဲလှဲကြိုဆိုမှုများပြုကြပြီး၊ မူဆလင်တွေကျတော့
မတရားဝင်လာသူတွေပါလို့ ပြောဆိုနေတာပါဗျာ။
ဦးအေးချမ်းတို့
လူမျိုးးအစွန့်ရောက်တွေကို မေးရအုန်းမယ်။ အခု နအဖ၊ န၀တအစိုးရက
ရခိုင်ကိုဆက်လက်ကိုလိုနီ လုပ်ထားပြီး ဗမာတွေကို
ရခိုင်ပြည်အတွင်းပြောင်းရွှေ့နေထိုင်လျက်ရှိစေတယ်။ ဆိုပါတော့
တစ်ချိန်ချိန်မှာ ရခိုင်လွတ် မြောက်လာပြီးဆိုရင် အခုပြောင်းရွှေ့ခိုင်းတဲ့
ဗမာတွေကို ဘယ်လိုသဘောထားမလဲလို့။
အမှန်ကတော့
စစ်တကောင်းသားဘဲဖြစ်ဖြစ်၊ ကျန်တဲ့ရခိုင်ပြည်အစိတ်အပိုင်းထဲက လူဘဲဖြစ်ဖြစ်
ရခိုင်တိုင်းရင်းသား တွေပါ ဘဲ။ သမိုင်းကြောင်းအရဘဲကြည့်မလား၊
လူမှုရှုဒေါင့်ကဘဲကြည့်မလား၊ ဥပဒေအရ ဘဲကြည့်မလား၊ ဘယ်ဘက် ကဘဲကြည့် ကြည့်
ရိုဟင်ဂျာတွေကို ကန့်ကွက်နေခြင်း ဟာ ဒေါက်တာအေးချမ်းတို့ရဲ့ စိတ်အာသီသကို
ခေတ္တကျေနပ်မှု ပေး နေနိုင်ရုံက လွဲပြီး အဓိပ္ပါယ်မဲ့တဲ့၊ ယုတ္တိမထန်တဲ့
လူမျိုးရေးအစွန်းရောက် လုပ်ရပ်သာဖြစ်ပါကြောင်း ထောက်ပြ လိုပါတယ်။
ဒီနေ့
ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း တွေဟာ ဗမာတွေနဲ့ Indigenous
ဖြစ်နေနိုင်တယ်ဆိုရင် ရိုဟင်ဂျာကို ကန့် ကွက်တာကျတော့
မျက်ကန့်မျိုးချစ်ဝါဒီ နဲ့ အများတကာပြောနေတဲ့ မဟာလူမျိုးကြီး ၀ါဒီပါလို့
ဆိုရမှာပါ။
သူတပါးအကြောင်းကို
အချိန်ကုန်၊ လူပမ်းပြီး ပြောနေခြင်းထက် ကိုယ့်အကြောင်းကိုယ်
သတိထားဖို့ လိုပါတယ်။ သူ များရေး တဲ့ဟာတွေကို သမိုင်းလိမ်၊ လံကြုပ်သမိုင်း
အစရှိသလိုနဲ့ သူခိုးကလူလို ဟစ်နေခြင်းထက် ကိုယ်ရေးတဲ့ဟာ ကျတော့ လုံသလား၊
ရှေ့နောက်လုံသလား၊ ကိုယ့်အဆင့် နဲ့ အောက်တန်းများကျနေသလား ဆိုတာကို တစ်ချက်
ဆန်းစစ်၊ ဆင်ခြင်ဖို့တော့ ကောင်းပါတယ်။
အထက်က
ကျွန်ုပ်ပြောပြသလို ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောဆိုနေတဲ့
ဒေါက်တာအေးချမ်းကဘဲ ကျွန်ုပ်ဆီမှာ အဲဒီအသုံးအနှုန်းဟာ ရခိုင်အစားသုံးတဲ့
Bengali Colloquial ဖြစ်တယ်လို့ ၀န်ခံခဲ့ဒါရှိပါတယ်။ အဲဒီတုန်းက အဲဒီရခိုင်
ဆိုတာဘယ် သူလဲ…ဆိုတဲ့အကြောင်း ဆက်မမေးဖြစ်ခဲ့ပါ။ ဒီကနေ့
ကျွန်ုပ်ထပ်မေး ပါရစေ။ ဒေါက်တာအေးချမ်းခင်ဗျား… ရခိုင်ဆိုတာ ဘယ်သူလဲ။ ရခိုင်ဆိုတဲ့ အခေါ်အဝေါ်ကို ဘယ်အချိန်က ဘာကိုအခြေခံပြီး စသုံးနေကြတာလဲ ခင်ဗျား။
ခင်ဗျားက
ရခိုင်ဆိုတာ ရက္ခ၊ ရက္ခိတ အစရှိတဲ့စကားလုံးတွေက ဆင်းသက်တယ် လို့
ဖြေကြား မယ်မဟုတ်လား။ တဖန် အဲဒီ အသုံးအနှုန်းဟာ ဗုဒ္ဓဘာသာနဲ့
ဆက်နွယ်လျက် ရှိတယ်လို့ လဲ ပြောမှာဘဲမဟုတ်ပါလား။ ဒီလိုသာမှန်ယင် ရခိုင်ဒေ
သအတွင်း ဗုဒ္ဓဘာသာ ထွန်းကားလာ တဲ့အချိန် ကစပြီး ဒီအသုံးအနှုန်း
သန္တေတည်လာခဲ့တယ်လို့ သုံးသပ်ရမှာပါ။ ထိုအ ချိန်ကစပြီး
ထိုဒေသ အတွင်းနေထိုင်သူတွေဟာ ရခိုင်တွေပါဘဲ။ အဲဒီလူတွေဟာ ဘယ်သူတွေလဲဆိုတာ
သုံးသပ်ရ အောင်လားဗျာ။
(၁၁)
ရာစုလောက်က မွန်ဂိုလိုက်အနွယ်ဝင်၊ တီဗက်တို-မြန်မာ အုပ်စုတစ်ခုက ဝေသာလီ
(Veshali) ကို ၀င်ရောက် သိမ်း ပိုက်ခြင်းမပြုမီ အထိ ဝေသာလီနန်းတော်ဟာ
ဟိန္ဒူမင်းဆက် ချန္ဒရား အုပ်စိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ဝေသာလီနိုင်
ငံသားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လင့်ကစား အာရီယန်တွေဘဲ ဖြစ်ပါတယ်။ ပြီးရင်
အဲဒီလူတွေဟာ ဘင်္ဂလား နယ်က ပြည်သူ များနဲ့ အတူတူ ဖြစ်ပါတယ်လို့ အထင်ကရ
သမိုင်းဆရာကြီး တစ်ပါးက ရှင်းရှင်းလင်းလင်းဘဲ ဖော်ပြ ထားပါတယ်။ ဒါကြောင့်
ရခိုင်ဆိုတာ အဲဒီလူတွေသာလျှင်ဖြစ်ပြီး မွန်ဂိုလိုက်နဲ့ ဒီအခေါ်အဝေါ်
ဘယ်လို့မှ မသက် ဆိုင် နိုင်ပါ။ ပြီးရင်း မွန်ဂိုလိုက်တွေဟာ ရခိုင်ပြည်သား၊
ရခိုင် လူမျိုးအစစ်အမှန် မဟုတ်သလို၊ အဲဒီလူ အုပ်စုက ရခိုင်ပြည်မှာ
နောက်ဆုံးဝင်ရောက် အခြေချနေထိုင်သူတွေလည်း ဖြစ်ပါတယ်။
မိမိကိုယ်ကို
သာကီမျိုးနွယ် အာရီယန်တွေပါလို့ ပြောလိုကပြော၊ တဖန် မွန်ဂိုလိုက် တဲ့၊
ဟော့… တော်ကြာဖြစ်ပြန်ပြီး မွန်ဂို-အာရီယာန်… တဲ့။ အစက ဒီလူတွေက Arakaness
ဆိုတဲ့ အသုံး အနှုန်း ကို ဝေးဝေးကရှောင်တယ်၊ ခုကျတော့လဲ ဖြစ်ပြန်ပြီး Arakaness
ရခိုင်တဲ့။ ခေတ်အလိုက်ရှာတွေ့တဲ့ သမိုင်းအထောက်အထားများနဲ့အညီ
အပြောင်းအလဲတော် တော် ဖြစ်တတ်တဲ့ ပုတ်သင် ညိုကြီးတွေ ပါလားလို့။ သမိုင်းမှာ
နှစ်ပေါက်တစ်ပေါက် တော်တော်ရိုက်တတ်ပါတယ်။
အခုလဲဘဲ
ကျွန်ုပ်ဆီက စာကိုဖတ်ပြီဆိုရင် ယင်းတို့ဝသီအတိုင်း အမျိုးမျိုးလာလိမ့်မယ်။
ဘာကြောင့် လဲဆိုရင် ဒီပုဂ္ဂိုလ် တွေက ပိုင်ရှင်အကွယ်မှာ ပစ္စည်း တစ်ခုခု
သယ်ယူနေတုန်း ရုတ်တရက် ပိုင်ရှင်နဲ့ တိုးတော့ ချောက်ချားတုန်လှုပ်တတ် သလို
ရိုဟင် ဂျာဆိုတဲ့ စကားလုံးကြားရတိုင်း ရခိုင်ဆိုတဲ့ အခေါ် အဝေါ်လေးအတွက်
ရက်တက်မအေး ဖြစ်တတ်တာ မို့လို့ပါ။ ဒေါက်တာ အေးချမ်းခင်ဗျား
သမိုင်းဘယ် လိုလဲဖြစ်ဖြစ်၊ လက်ရှိ ရခိုင်ဆိုတဲ့ လူမျိုးတစ်မျိုးကို
ကျွန်ုပ်တို့တတွေ ကန့်ကွက်ရန်မရှိပါ။ အဲလောက်ကြီးလဲ စိတ်မပူပါနဲ့။
လူမျိုးနှစ်မျိုး အတူတူရပ်တည်ရေးကို ရိုဟင်ဂျာတွေ လက်ခံမြဲ လက်ခံပါတယ်။
တဖက်ကလဲ
ရိုဟင်ဂျာတွေအနေနဲ့ အခုလို မိမိတို့လူမျိုးတစ်ခုလုံးကို ကမ္ဘာ့အလယ်မှာ
ဂုဏ်သိက္ခာ မဲ့စေတဲ့အထိ အရှက်ခွဲ စေခြင်းကို လက်ပိုက်ကြည့်နေမယ်ဆိုရင်
ရှေ့ဆက်ပြီး ဒီထက်မက ခံရဖို့ဘဲရှိ ပါတယ်။ အခုလဲကြည့်ပါ အုံး…ယင်းတို့ကြောင့်
မိတကွဲ၊ ဖတကွဲ၊ အိုးအိမ်မဲ့၊ နိုင်ငံမဲ့ လူတန်းစား တစ်ရပ်အဖြစ်
ကမ္ဘာ့နေရာအနှံ့ ဘယ်လောက် ဒုက္ခရောက်ရပြီလဲ။ ဒီထက်ရှက် စရာ၊ ဒီထက်အောက် တန်း ကျစရာ နောက်ထပ်ဘယ်လိုများ ဖြစ်စေချင်ပါလိမ့်။
ဒေါက်တာအေးကျော်ကြောင့်
၁၉၇၈၊ ၇၉ ခု-နဂါးမင်းစစ်ဆင်းရေးကာလ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့၊ အားကိုးရာမဲ့
ကျွန်ုပ် တို့ ရဲ့ မိဘမောင်နှမ၊ အရွယ်မမယ် ခလေးသူငယ်လေးတွေ
ဘယ်လောက်ရှိခဲ့ပြီလဲ။ ၁၉၄၂ ခုနှစ်မှာ ယင်းတို့ သတ်ခဲ့ လို့ ဘယ်လောက်
သေခဲ့ရပြီလဲ။ ၁၇၈၄ ခု ဗမာဘုရင်ကို ဖိတ်ခေါ် ပင့်ဆောင်ခဲ့ပြီး
ဘယ်လောက်သတ်ခိုင်းခဲ့သလဲ။ အဲဒါတွေ အရုပ်ဆိုး အကျဉ်းတန်၊ မျက်ဝါးထင်ထင်
သာဓကတွေပါဘဲ။ ပြောရရင်တော့ ဘယ်လို့မှ သင်ပုန်းကျေစရာ မရှိပါဘူး။
မိမိတို့နယ်မြေလဲယူ၊
လူလဲသတ်၊ သမိုင်းကိုငြင်း၊ တစ်မျိုးလုံးနီးပါးမောင်းထုတ်
အဲလောက်ကြီးနဲ့တောင် ဒီလူတွေ ရပ် တန့်ဖို့ အနေအထားမရှိပါဘူး။
ရိုဟင်ဂျာတွေဆို လူမျိုးတစ်ခုလုံးကို မျိုးဖြုတ်သည်အထိ
သုတ်သင်ချေမုန်းပြီး၊ ယင်းတို့ ဂုတ်သွေးနဲ့ ရေမချိုးနိုင်သမျှ
ဒီလူတွေကျေနပ်လိမ့်မယ်မဟုတ်။ ရိုဟင်ဂျာတွေ ထိတွေ့ခံစားနေရတာကို နေစဉ်ကြားသိ
နေရတာတောင်၊ သင်းတို့ကဘဲအပြန် သင်းတို့ လူတွေကို သတ်နေတယ်၊
ဘုရားကျောင်းကန်တွေ ဖျက်ဆီးနေတယ်၊ အမျိုးသမီးတွေကို စော်ကားနေတယ် အစရှိသလို
အရှက်မရှိ ပြောင်းပြန်စောက်ထိုး ၀ါဒဖြန့်ရေးတော့တာပါဘဲ။
ရခိုင်အမျိုးသားတစ်ရပ်လုံးမက၊ ဗုဒ္ဓ ဘာသာဝင်
ကျန်တဲ့တိုင်းရင်းသားတွေကိုတောင် သွေးဆူအောင် လုပ်ဆောင်လို တဲ့
ကြိုးပမ်းမှုပေါ့။
ဒေါက်တာအေးချမ်းခင်ဗျား…နည်းပညာနဲ့
ဆက်သွယ်ရေးလုပ်ငန်းက အထွဋ္ဋ်အထိပ်ရောက်နေတဲ့ အခုလိုအခြေအနေ မှာ အဲဒီဒေသရဲ့
အခြေအနေကို မသိနားမလည်တဲ့ လူတစ်ချို့ကို ခေတ္တ အရူးလုပ်ကောင်း လုပ်နိုင်မယ်၊
ဒါပေမယ့် အဲဒီ မှာ လက်ရှိ အလုပ်လုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ NGO တွေနဲ့၊
အခြားတိုင်းရင်းသားတွေ ရာနဲ့ချီရှိနေပြီဘဲ။ ကိုယ့်လူ မျိုး၊ ကိုယ့်ဘာသာ
အမျိုးသမီးတွေတောင် တရားဝင်လက်ထပ်ခွင့်ရဖို့ ဘယ်လောက်ခက်နေတယ်၊
လူငယ်တို့ဘာဝ အချင်းချင်း ချစ်ရေးကြိုက် ရေးကြောင့် အရေးယူခံနေရတဲ့ ဘ၀၊
ဗုဒ္ဓဘာသာ ရခိုင်အမျိုးသမီးလေးတွေကို ထိဖို့မပြော နဲ့၊ ကြည့်ဝံ့ပါ့မလားဗျာ။
ကိုယ်ဗလီ ကျောင်းကိုယ်မထိန်းရ၊ အသစ်ဆောက်ဖို့ မပြောနဲ့
ပြုပြင်ဖာထည့်တယ်ဆိုပြီး ဖမ်း ဆီးအရေးယူခံနေတဲ့ ဘ၀၊ ဗုဒ္ဓဘာသာ
ဘုရားကျောင်းကန် ဆီ မော့ကြည့်ရဲပါ့မလားဗျာ။ ပညာရှင်တွေပါဆိုပြီး အဲဒီ
လောက် အထိလဲ အောက်တန်း ကျဖို့၊ အယူသည်းဖို့မကောင်း ပါဘူးဗျာ။
ဒီလိုမမှန်အရေးအသားကြောင့် ထင်ပါရဲ့၊ နိုင်ငံ ရေးမှာ ဇောက်ထိုးဗြောင်းပြန်
နာမည်ကြီးနေတာဗျာ။
တစ်ချို့
ကျွန်ုပ်တို့ ညီအစ်ကိုတွေကလဲ ကျွန်ုပ်ဒီလိုရေးသားချေပနေတာကြောင့်
လူမျိုးနှစ်မျိုးကြား ပိုမိုတင်းမာလာမယ် လို့ စိုးရိမ်ပြီး ထင်ကြေးတွေ
ရေးလာပါတယ်။ ကျွန်ုပ်အရေးအသားတွေ က ချေပချက်တွေပါ။ ဒီလိုရေးလို့ သူတို့ကို အ
ကျိုးသက်ရောက်မယ်လို့ မထင်မှတ်ပါ။ သို့သော်လည်းဘဲ
ယင်းတို့ရေးသားချက်တွေကို အမှန်လို့ထင်နေတဲ့ တခြားလူ တွေ မှန်တာတွေကို
တွေးတော့ ဆင်ခြင်နိုင်ရန်နှင့် လေ့လာနိုင်ရန်၊ အခြား အပြည်ပြည်ဆိုင်ရာ
resources တွေကိုလဲ လေ့လာရန် ရည် ရွယ်ပြီး ရေးသားချေပနေတာ ဖြစ်ပါတယ်။
တကယ်စိတ်ကောင်းရှိတဲ့၊ တရား မျှတပြီး ခေါင်းဆောင် ကောင်းပီသတဲ့
ရခိုင်အမျိုးသား ခေါင်းဆောင်ကြီးတွေက ကျွန်ုပ်အရေးအသား ကိုဖတ်ပြီး
စိတ်မကောင်းဖြစ်မှာ သိပါ တယ်။ သို့သော်လည်းဘဲ ကျွန်ုပ်အရေး အသားတွေက
တိုက်ခိုက်စာ မဟုတ်ဘဲ၊ ချေပချက်ဖြစ်တာကို သိနေယင်တော့
သီးခံခွင့်လွှတ်လိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။
သမိုင်းတလျောက်
အတူတကွနေထိုင်လာကြတဲ့ ညီအစ်ကိုလူမျိုး နစ်မျိုးကြား ချစ်ခင်ရင်းနှီးမှု၊
ရိုသေလေးစားမှု၊ ငြိမ်း ချမ်းစွာ အတူတကွပူးပေါင်းနေထိုင်မှု အစရှိတာတွေကို
ကျွန်ုပ်မလိုလား သည်မဟုတ်ပါ။ သို့သော်လည်း မိမိတို့ရဲ့ အ သက်အိုးအိမ်၊
စည်းစိမ်းတို့ ရဲ့လုံခြုံမှု၊ ဘာသာဓလေ့ ယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာတို့ရဲ့
အကာအကွယ်ကို ထောက်ပြီး ရိုဟင်ဂျာတို့အနေဖြင့် သတိလစ်လပ်မနေသင့်ပါကြောင်း
တင်ပြရင်း နိဂုံးချုပ်ပါတယ်။
လေးစားလျက်၊
ကိုကိုလင်း
ရန်ကုန်တက္ကသိုလ်
၃၁၊ သြဂုတ်၊ ၂၀၁၁
No comments:
Post a Comment